Saturday, 09 April 2016 13:49

Microsoft ရဲ့ ၂၀၁၆ ခုနှစ် Build ညီလာခံ

Written by
Rate this item
(0 votes)

Microsoft အနေနဲ့ ၂၀၁၁ ခုနှစ်ကစပြီး နှစ်စဉ်ဆိုသလို developer များအတွက် Build ညီလာခံကို ကြီးမှူးကျင်းပလေ့ရှိခဲ့ရာ Build 2016 ကို မတ်လ ၃၀ ရက်နေ့ကစပြီး ဧပြီလ ၁ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ ကျင်းပခဲ့တယ်။ Build Developer ညီလာခံကို နှစ်စဉ်ပုံမှန် သတ်မှတ်ထားတဲ့ လတွေမှာ အတိအကျ ကျင်းပတာမဟုတ်ပေ။ ပထမဆုံးကျင်းပတဲ့ ညီလာခံပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် Anaheim မှာ ကျင်းပခဲ့ပေမယ့် ဒုတိယအကြိမ် ကျင်းပတဲ့ပွဲကိုတော့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ Redmond မှာရှိတဲ့ Microsoft Center မှာပင် ကျင်းပဖြစ်တယ်။ ပထမဆုံး ကျင်းပတဲ့ ညီလာခံက Windows 8 တို့ Windows Server 2012 တို့၊ Visual Studio 2012 တို့ ဖိတ်ခေါ်မှု ပြုခဲ့သလို ဒုတိယပွဲမှာ Windows, Azure နဲ့ Windows Phone 8 တို့အတွက် ပစ်မှတ်ထားစေခဲ့တယ်။

 

Build 2012 မှာ တက်ရောက်သူတွေ အနေနဲ့ Touch Cover ပါတဲ့ Surface RT တက်ဘလက်တို့၊ Nokia Lumia 920 စမတ်ဖုန်းတို့ကို ပြသရင်း ရွှေကြိုလုပ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆန်ဖရန်စစ္စ ကိုမှာရှိတဲ့ Moscore Center အတွင်း ဇွန်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပဖြစ်တယ်။ Windows 8.1 ကို Windows 8 ရဲ့ upgrade ပရိုဂရမ်တော့ ဆော့ဖ်ဝဲအဖြစ် ချပြရင်း developer များကိုဖိတ်ခေါ် တင်ပြတယ်။ တက်ရောက်လာသူတွေကို Surface Pro တို့၊ Acer Iconia W3 တို့၊ Bluetooth ကီးဘုတ်တို့ကို လက်ဆောင်ပေးစေတယ်။ Build 2014 ကို ဆန်ဖရန်စစ္စကိုမှာပင် ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၄ ရက်နေ့အထိ ဖိတ်ခေါ်ခဲ့ပြီး တက်ရောက်သူတို့ကို Xbox One ကို လက်ဆောင်ပေးတယ်။ Build 2015 မှာ ဆန်ဖရန်စစ္စကိုမှာပင် ကျင်းပကာ HP Spectre x36 ultrabook တစ်စုစီ လက်ဆောင်ပေးခဲ့တယ်။

ခေတ်သစ်လောကမှာ လက်တွေ့ဆန်တဲ့ အပြောင်းအရွှေ့တွေကို လုပ်လာကြတဲ့အတွက် Microsoft အနေနဲ့လည်း မိုဘိုင်းနဲ့ ပီစီကွန်ပျူတာ ပလက်ဖောင်းတွေကို အပြန်အလှန် ဖြတ်သန်းသွားနိုင်စေမယ့် ဆော့ဖ်ဝဲပရိုဂရမ်များကို အလေးပေး ဆောင်ရွက်ခဲ့ရတယ်။ ၂၀၁၆ ခုနှစ်အတွက် Windows 10 တို့၊ Microsoft Azure တို့နဲ့ Xbox တို့နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ဖြစ်စေတယ်။ Windows 10 အသုံးပြုတဲ့ ကိရိယာတိုင်း အပြန်အလှန် ဖြတ်သန်းကူးပြောင်းစေနိုင်မယ့် apps များကို developer များရေးသား ထုတ်ဝေနိုင်စေဖို့ စည်းရုံးလှုံ့ဆော်တဲ့ သဘောဖြစ်တယ်။ စမတ်ဖုန်းတို့၊ ဝင်းဒိုးပီစီတို့၊ ဂိမ်းကစားစက်တို့အပြင် အလွန်ကြီးမားတဲ့ အစည်းအဝေး ခန်းမကြီးတွေမှာ ထားရှိမယ့်

screen ကြီးတို့အထိ အသုံးဝင်စေမယ့် Universal Windows Platform ကို မျှော်မှန်းလုပ်ကိုင် ကြလိမ့်မယ်။

ညီလာခံကျင်းပတဲ့နေ့မှာ Microsoft ကထုတ်လုပ်ပြီး Windows 10 ပါဝါနဲ့လုပ်ကိုင်ပေးမယ့် blended reality headset ကို စတင်တင်ပို့ ရောင်းချတဲ့အတွက် Microsoft ရဲ့ Holo Lens ကလည်း ညီလာခံမှာ အလွန်ပေါ်ပြူလာ ဖြစ်စေမယ့် ကဏ္ဍဖြစ်သွားစေတယ်။ Microsoft ရဲ့သုတေသနဌာနက holoportation လို့ခေါ်တွင်စေတဲ့ 3D Video Capture System အသစ်တစ်ခုကို တီထွင်နိုင်ပြီဖြစ်ကြောင်း မကြာသေးတဲ့ ရက်ပိုင်းကပင် ကြေညာခဲ့တယ်။ အချိန်နဲတစ်ပြေးညီ real time အချိန်အတိုင်း ဘယ်လိုပတ်ဝန်းကျင် အခြေအနေမျိုးကို မဆို 3D rendering သုံးစွဲသူတွေဆီကို ဖန်ဆင်းမှုအသွင်နဲ့ သယ်ပို့ပေးနိုင်မယ့်စနစ်လို့ နားလည်နိုင်ပါလိမ့်မယ်။ ဖန်ဆင်းကမ္ဘာ တည်ဆောက်မှု လုပ်ပိုင်ခွင့်ကို တကယ့်အသုံးပြုသူဆီ အရောက်ပေးပို့နိုင်တဲ့ တီထွင်မှုတစ်ရပ် ဖြစ်တယ်။ 3D Camera တွေကို ထောင့်စုံအောင် နေရာချထားပြီး ပုံရိပ်များကို ဖမ်းယူကာ တစ်ဆက်တည်း ဖြစ်သွားစေတဲ့အပြင် ပြုပြင်ပြင်ဆင်မှုတွေလည်း လုပ်လို့ရသလို compress လည်းလုပ်လို့ရပြီး ချက်ချင်းထုတ်လွှင့် ပေးနိုင်မယ့် အရည်အချင်းရှိတယ်။ Micro-soft ရဲ့ Holo Lens လို augmented reality headset အသုံးပြုသူတိုင်းက ထုတ်လွှင့်ပေးတဲ့ holopartation စနစ်ကိုကြည့်ရှုခွင့် ရကြမှာဖြစ်တယ်။ ဒီအတွက် Holo Lens က အရေးပါတဲ့ ကဏ္ဍတစ်ရပ် ဖြစ်လာတယ်။ ညီလာခံ လာရောက်သူများအတွက် Holo Lens ကို ဒေါ်လာ ၃,၀၀၀ နဲ့ရောင်းချ ပေးစေတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလအထိ Windows 10 ကို အသုံးပြုနေတဲ့ ကွန်ပျူတာများနဲ့ ကိရိယာပေါင်းစုံ အရေအတွက်က သန်း ၂၀၀ ကျော်သွားပြီလို့ Microsoft ကကြေညာခဲ့တယ်။ နောက်ထပ် ၂ နှစ်ကျော် ကြာပြီးတဲ့အခါ Windows 10 devices အရေအတွက်ပေါင်း ၁ ဘီလီယံရှိမယ်လို့ ဝင်းဒိုးဆိုင်ရာ အရာရှိချုပ် Terry Myerson က ဆိုညွှန်းသွားတယ်။ Windows 10 က ဝင်းဒိုးလည်ပတ် စနစ်တွေရဲ့ နောက်ဆုံး version လို့ ကြေညာထားတာ ဖြစ်တဲ့အတိုင်း Windows 10 update အနေနဲ့ ပထမဆုံး Redstore ကိုထုတ်လုပ်သွားမယ်

လို့လည်းသိရတယ်။ Redstore နဲ့အတူ Windows 10 apps များကို ထွက်ပေါ်လာနိုင်ဖို့ တွန်းအားပေးခဲ့တယ်။ Microsoft ရဲ့ Maps Apps တွေမှာ interface ကို ပြန်လည်ဒီဇိုင်း ပြုလုပ်ထားတာကို အသုံးပြုခွင့် ရကြလိမ့်မယ်။ Cortana နဲ့ပတ်သက်လို့လည်း ပိုပြီးစမတ်ကျတဲ့ ပုံစံနဲ့ သုံးခွင့်ရ သွားစေမှာ ဖြစ်တယ်။

မကြာမီ ထုတ်လုပ်ရောင်းချမယ့် Lumia 950 XL မှာ Windows 10 Mobile ပါရှိလာလိမ့်မယ်။ HP Flite X3 လို့ third party ပုံစံပြု စမတ်ဖုန်းတွေကိုလည်း Microsoft ကတွန်းအားပေးခဲ့တယ်။ အာရှဈေးကွက်မှာ နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ Acer Smartphone မော်ဒယ်သစ်တွေမှာလည်း Windows 10 Phone နဲ့အတူ ထုတ်လုပ်ရောင်းချ ပေးစေတယ်။ Azure နဲ့ Surface Hub တို့လို enterprise solution ရိုးရိုးရှင်းရှင်းတွေနဲ့ Windows 10 နုတ်ဘုတ်တွေ၊ တက်ဘလက်တွေကိုလည်း အများသုံးအဆင့်ဝင် ဖြစ်စေဖို့ ကြိုးစားအားထုတ် နေတယ်။

Micorsoft ရဲ့ ဆော့ဖ်ဝဲပရိုဂရမ်ကို အခြေခံထုတ်လုပ်တဲ့ apps တိုင်းက iOS လည်ပတ်စနစ်သုံး ကိရိယာတွေဖြစ်ဖြစ်၊ Andorid စနစ်သုံး ကိရိယာဖြစ်ဖြစ် ဒါမှမဟုတ် Linux စနစ်သုံးဖြစ်ဖြစ် အသုံးပြုနိုင် စေဖို့ developer များကို ပံ့ပိုးစည်းရုံး လှုံ့ဆော်ရင်း Build 2016 မှာ အစွမ်းကုန် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ခဲ့ပါကြောင်း တစေ့တစောင်း တင်ပြပေးလိုက်ရပါတယ်။

# Internet Journal

 

Read 2846 times Last modified on Saturday, 09 April 2016 19:30