Ooredoo တာဝါတိုင်၏ ၂၅ ရာခိုင်နှုန်း 4G ကွန်ရက်ရရှိမည်ဖြစ်ကြောင်း Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr Rene Meza က ပြောသည်။

အူရီဒူးဆက်သွယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် 4G ကွန်ရက်ကို စတင်ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Microsoft အနေနဲ့ ၂၀၁၁ ခုနှစ်ကစပြီး နှစ်စဉ်ဆိုသလို developer များအတွက် Build ညီလာခံကို ကြီးမှူးကျင်းပလေ့ရှိခဲ့ရာ Build 2016 ကို မတ်လ ၃၀ ရက်နေ့ကစပြီး ဧပြီလ ၁ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ ကျင်းပခဲ့တယ်။ Build Developer ညီလာခံကို နှစ်စဉ်ပုံမှန် သတ်မှတ်ထားတဲ့ လတွေမှာ အတိအကျ ကျင်းပတာမဟုတ်ပေ။ ပထမဆုံးကျင်းပတဲ့ ညီလာခံပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် Anaheim မှာ ကျင်းပခဲ့ပေမယ့် ဒုတိယအကြိမ် ကျင်းပတဲ့ပွဲကိုတော့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ Redmond မှာရှိတဲ့ Microsoft Center မှာပင် ကျင်းပဖြစ်တယ်။ ပထမဆုံး ကျင်းပတဲ့ ညီလာခံက Windows 8 တို့ Windows Server 2012 တို့၊ Visual Studio 2012 တို့ ဖိတ်ခေါ်မှု ပြုခဲ့သလို ဒုတိယပွဲမှာ Windows, Azure နဲ့ Windows Phone 8 တို့အတွက် ပစ်မှတ်ထားစေခဲ့တယ်။

Huawei ၏ Carrier, Enterprise နှင့် Consumer Business Groups (BGs) အစရှိသည့် လုပ်ငန်းများမှ ယွမ်ငွေ ၃၉၅ ဘီလီယံ (ဒေါ်လာ ၆၀.၈ ဘီလီယံ) ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းပမာဏမှာ တစ်နှစ်ပြီးတစ်နှစ် ၃၇ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ အသားတင်အမြတ်ငွေမှာ တရုတ်ယွမ် (CNY) ၃၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၇ သန်း) ဖြစ်ပြီး ၃၃ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

၂၀၁၅ ခုနှစ်အတွင်း Huawei ၏ စီးပွားရေးလုပ်ငန်း ကဏ္ဍသုံးခုမှ အရေးပါသော ကြီးထွားတိုးတက်မှုများကို ရရှိခဲ့ကြောင်း၊ The Carrier BG ကဏ္ဍမှ ယွမ် ၂၃၂.၃ ဘီလီယံ ( အမေရိကန်ဒေါ် လာ ၃၅.၈ ဘီလီယံ) ၀င်ငွေ ရရှိခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် ၂၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

The Enterprise BG ကဏ္ဍမှ ဝင်ငွေ ယွမ် ၂၇.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ) ရရှိခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် ၄၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီ၏ အဓိက ဆောင်ရွက်မှုအနေဖြင့် Huawei ၏ Consumer BG ကဏ္ဍမှ ယွမ် ၁၂၉.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉.၉ ဘီလီယံ) ဝင်ငွေရရှိပြီး တစ်နှစ်ပြီးတစ်နှစ် ၇၃ ရာခိုင်နှုန်းအထိတိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

Credit To >>> Internet Journal