Sunday, 10 April 2016 14:34

လက်ရည်အသာစီးဖြင့် ထိုးသတ်ကာ ပက်ကွီယာအို အနိုင်ရ

Written by
Rate this item
(0 votes)

ကမ္ဘာ့ဝယ်လ်တာဝိတ်တန်း ချန်ပီယံရွှေခါးပတ်စိန်ခေါ်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်လက်ဝှေ့ကစားသမား ပက်ကွီယာအိုနှင့် အမေရိကန်လက်ဝှေ့ကစားသမား တီမိုသီဘရက်ဒလေတို့ပွဲစဉ်တွင် ပက်ကွီင်္ယာအိုက လက်ရည်အသာစီးဖြင့် ထိုးသတ်ကာ အမှတ်ဖြင့် အနိုင်ရသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ပက်ကွီယာအိုနှင့် တီမိုသီဘရက်ဒလေတို့သည် ပွဲချီ ၁၂ ချီပြည့်သည်အထိ တစ်ဦးကိုတစ်ဦး အလဲထိုးနိုင်ခဲ့ခြင်း မရှိကြသည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူခဲ့ကြရပြီး အမှတ်ပေးဒိုင်လူကြီးသုံးဦးလုံးက ပက်ကွီယာအိုကို ၁၁၆-၁၁၀ မှတ်ဖြင့် တညီတညွတ်တည်းအနိုင်ပေးလိုက်ကြောင်း မြင်ခဲ့ကြရသည်။


တီမိုသီဘရက်ဒလေသည် ပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်နေစဉ်အတွင်း ပက်ကွီယာအို၏လက်သီးချက်များ ထိမှန်၍ ကြမ်းပြင်သို့ နှစ်ကြိမ်တိုင် လဲကျခဲ့ကာ ယခုပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် လက်ဝှေ့လောကကို ကျောခိုင်း၍ နိုင်ငံရေးလောကသို့ ကူးပြောင်းဝင်ရောက်တော့မည်ဖြစ်ကြောင်းကို မကြာမီအချိန်အတွင်း ကျင်းပမည့် သတင်းစာရှင်းလင်းပွဲတွင် ပက်ကွီယာအိုက အတည်ပြုကြေညာဖွယ်ရှိနေသည်။
ပက်ကွီယာအိုနှင့် တီမိုသီဘရက်ဒလေတို့သည် ၎င်းတို့၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း တတိယအကြိမ်မြောက်အဖြစ် ဆုံတွေ့ကြခြင်းဖြစ်ကာ ၂၀၀၉ ခုနှစ်၌ တိမိုသီဘရက်ဒလေက အနိုင်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်နှင့် ယခုထိုးသတ်ခဲ့သောပွဲစဉ်များတွင် ပက်ကွီယာအိုက အနိုင်ရရှိခဲ့သည်။

# The Voice Weekly

Read 1818 times Last modified on Sunday, 10 April 2016 14:37
You are here:   HomeSportsInternationalလက်ရည်အသာစီးဖြင့် ထိုးသတ်ကာ ပက္ကြီယာအုိ အနုိင္ရ