တိုင်ဆန်ဖျူ ရီသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကလစ်ရှ်ကိုကို အနိုင်ယူ၍ ကမ္ဘာ့ချန်ပီယံရွှေခါးပတ်များအားလုံးကို ပိုင်ဆိုင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်ပြီးဆုံးချိန်ကတည်းကပင် ၎င်းတို့နှစ်ဦး စိတ်မကျေပွဲ ပြန်လည်ထိုးသတ်ဖြစ်ရေးကို ပွဲစီစဉ်သူများက ညှိနှိုင်းနေခဲ့ကြခြင်း ဖြစ်သည်။
တိုင်ဆန်ဖျူရီသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၂၅ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ၂၅ ပွဲလုံးကို အနိုင်ရရှိထားပြီး ယင်းပွဲစဉ် ၂၅ ပွဲအနက် ၁၈ ပွဲကို ကလစ်ရှ်ကိုက အလဲထိုးအနိုင်ယူခဲ့ခြင်းဖြစ်သည်။
ယခုပွဲစဉ်သည် ကလစ်ရှ်ကိုအတွက် ပထမဆုံးသော ချန်ပီယံရွှေခါးပတ်ကာကွယ်ပွဲစဉ်ဖြစ်ပြီး ပထမတစ်ကြိမ်ယှဉ်ပြိုင်စဉ်၌ တိုင်ဆန်ဖျူရီက ကလစ်ရှ်ကိုကို အမှတ်ဖြင့်နိုင်ခဲ့ခြင်းဖြစ်သည်။
#The Voice Weekly