ကမ္ဘာ့ဝယ်လ်တာဝိတ်တန်း ချန်ပီယံရွှေခါးပတ်စိန်ခေါ်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်လက်ဝှေ့ကစားသမား ပက်ကွီယာအိုနှင့် အမေရိကန်လက်ဝှေ့ကစားသမား တီမိုသီဘရက်ဒလေတို့ပွဲစဉ်တွင် ပက်ကွီင်္ယာအိုက လက်ရည်အသာစီးဖြင့် ထိုးသတ်ကာ အမှတ်ဖြင့် အနိုင်ရသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ပက်ကွီယာအိုနှင့် တီမိုသီဘရက်ဒလေတို့သည် ပွဲချီ ၁၂ ချီပြည့်သည်အထိ တစ်ဦးကိုတစ်ဦး အလဲထိုးနိုင်ခဲ့ခြင်း မရှိကြသည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူခဲ့ကြရပြီး အမှတ်ပေးဒိုင်လူကြီးသုံးဦးလုံးက ပက်ကွီယာအိုကို ၁၁၆-၁၁၀ မှတ်ဖြင့် တညီတညွတ်တည်းအနိုင်ပေးလိုက်ကြောင်း မြင်ခဲ့ကြရသည်။

ကမ္ဘာ့ဟဲဗီးဝိတ်တန်း လက်ရှိချန်ပီယံ ဗြိတိန်လက်ဝှေ့ကစားသမား တိုင်ဆန်ဖျူရီသည် ချန်ပီယံဟောင်း ယူကရိန်းလက်ဝှေ့ကစားသမား ကလစ်ရှ်ကိုနှင့် စိတ်မကျေပွဲပြန်လည်ထိုးသတ်ရန် သဘောတူညီလိုက်ပြီဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ပွဲစဉ်ကို ဇူလိုင်လ ၉ ရက်နေ့တွင် ပရိသတ်နှစ်သောင်းဝင်ဆံ့သည့် မန်ချက်စတာအရီနာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

ရန်ကုန် ဖေဖော်ဝါရီ ၆

AFC Challenge Cup ခြေစစ်ပွဲ ဝင်ရန် လေ့ကျင့်ပြင်ဆင် နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ညနေ ၅ နာရီက ဖိလစ်ပိုင် လက်ရွေးစင် အသင်းနှင့် ပထမဆုံး ခြေစမ်းပွဲ အဖြစ် ယှဉ်ပြိုင် ကစားရာ ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့ရသည်။

ရန်ကုန် ဖေဖော်ဝါရီ ၁၁

MNL ကလပ် အသင်းများနှင့် ခြေစမ်း ကစားရန် အတွက် ထိုင်း ပရီးမီးယားလိဂ် ကလပ် ဘီအီးစီ တယ်ရို ဆာဆနာ အသင်းသည် ယမန်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံမှ မန္တလေး အပြည်ပြည် ဆိုင်ရာ လေ ဆိပ်သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ လာသည်။

ရန်ကုန် ဖေဖော်ဝါရီ ၁၄

ယနေ့ ညနေ ၄ နာရီတွင် MNL ကလပ် ဧရာဝတီ ယူနိုက်တက် အသင်းနှင့် ထိုင်း ပရီးမီးယား လိဂ်ကလပ် ဘီအီးစီ တယ်ရို ဆာဆနာ အသင်းတို့၏ ခြေစမ်းပွဲကို သုဝဏ္ဏကွင်း၌ ကျင်းပရာ တယ်ရို ဆာဆနာ အသင်း က ၂ ဂိုး - ၁ ဂိုး ဖြင့် အနိုင် ရရှိ သွားသည်။

You are here:   HomeSports