Thursday, 16 June 2016 09:41

အခွန် တိမ်းရှောင်သည်ဟု ယူဆရသည့် မြန်မာနိုင်ငံမှ ခရိုနီသူဌေးကြီးများကို ခေါ်ယူစစ်ဆေးလျက်ရှိ

Written by
Rate this item
(0 votes)

ရန်ကုန်မြို့ မဟာဗန္ဒုလလမ်းနှင့် ကုန်သည်လမ်းကြား ပန်းဆိုးတန်းလမ်းပေါ်ရှိ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးတွင် နာမည်ကြီး လုပ်ငန်းရှင် သူဌေးကြီး အချို့ကို ယခုရက်ပိုင်းအတွင်း ခေါ်ယူ စစ်ဆေး နေကြောင်း အဆိုပါရုံးမှ အရာရှိတစ်ဦးက ပြောသည်။

 

''အဓိကထား စစ်တာကတော့ အခွန်ပေးသွင်းမှု မှန်မမှန်နဲ့ အခွန်ရှောင်တိမ်းခြင်း ရှိမရှိ စစ်တာပါ။ အခွန်ထမ်းကြီး စာရင်းဝင် ကုမ္မဏီတွေကို ဒီရုံးကစစ်ရပါတယ်။ အဲဒီအပြင် အများပိုင် ကုမ္ပဏီတွေကိုလည်း စစ်ရပါတယ်။ လူခုနစ်ယောက်တည်းနဲ့ အများပိုင် ကုမ္ပဏီ လုပ်ထားတာတွေကို ပြန်လည် စိစစ်ပြီး လူတစ်ရာပါမှ အများပိုင် ကုမ္ပဏီအဖြစ် ခွင့်ပြုပေးပါတယ်။ ဒီရုံးမှာ အမေရိကန် နိုင်ငံသား အခွန် ကျွမ်းကျင် ပညာရှင်နှစ်ဦး ငှားရမ်းထားပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ အခွန်တိမ်းရှောင်ကြောင်း စစ်ဆေးတွေရှိ့တဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ အဲဒီကုမ္ပဏီတွေကိုတော့ ဒဏ်ငွေကျပ်သန်းပေါင်း များစွာ ရိုက်လိုက်ပါတယ်။ ဒီရုံးက ခေါ်ပြီဆိုရင် လူစားလွှတ်လို့ မရပါဘူး။ ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင် လာရပါတယ်။ ပြီးတော့မှ သူခေါ်လာတဲ့ စာရင်းကိုင်ချုပ်တို့ ဘာတို့က ရုံးကမေးတာကို ပြန်ရှင်းပြပေါ့။ ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ထိပ်သီး သူဌေးကြီး တချို့ကို ခေါ်ယူ မေးမြန်းခဲ့ပါတယ်''ဟု ပြောသည်။

Credit To >>> Tomorrow Journal

Read 5013 times