အစိုးရအနေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် လက်ရှိအခြေအနေများနဲ့လိုက်လျောညီထွေဖြစ်တဲ့ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံလုပ်နည်းများကိုအချိန်နဲ့တစ်ပြေးညီကျင့်သုံးနိုင်ဖို့အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိကပူးပေါင်းအဖြေရှာဖို့ အလွန်အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမှာUMFCCI မှ တာဝန်ရှိသူများက အကြုံပြုတင်ပြခဲ့တယ်လို့ သိရပါတယ်။

အမေ ရိကန်၊ ဂျာမနီ၊ ဗြိတိန်နှင့် နယူးဇီ လန်နိုင်ငံများမှ ဆိုင်ကယ်စီးကမ္ဘာ လှည့်ခရီးသည်များအဖွဲ့သည် အောက် တိုဘာ ၁၇ ရက် ညနေ ၄ နာရီက မြန်မာ-ထိုင်းနယ်စပ်ချစ်ကြည်ရေး တံတားမှတစ်ဆင့် ကရင်ပြည်နယ် မြ၀တီမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး တည်ရှိရာ ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့ တည်းခိုရာ အဆောင်များနှင့် ၀န်ဆောင်ခ တည်းခိုဆောင်များ၏ တည်းခိုခနှုန်းထားများအား သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အစိုးရ၏ငြိမ်းချမ်း ရေးကော်မရှင်နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ(UNFC)၏ကိုယ် စားလှယ်အဖွဲ့ (DPN) တို့သည် အောက်တိုဘာ ၁၅ ရက်က နေ ပြည်တော်၌ တွေ့ဆုံဆွေးနွေးရာ အချက်အချို့ သဘောတူညီချက် ရခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆-၂၀၁၇ အတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေသော်လည်း စီးပွားရေး တိုးတက်မှုနှုန်း ဆက်လက် အားကောင်းနေကြောင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မအူပင်မြို့ ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် ပံတပွတ်ကျေးရွာအုပ်စု အနီးရှိ လယ်ယာမြေဧရိယာ ၂၈၃ ဒသမ ၄၁ ဧကတွင် တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီနှစ်ခုတို့  ပူးပေါင်းဆောင်ရွက်မည့် မအူပင် စက်မှုဇုန် စီမံကိန်းမှာ တရုတ်ကုမ္ပဏီဘက်က မူလမြေပိုင်ရှင် တောင်သူများအား ကတိပေးထားသည့်အတိုင်း အိမ်ရာများ ဆောင်ရွက်ပေးရန် နှောင့်နှေးနေမှုကြောင့် တောင်သူများက လယ်ယာမြေအား စက်မှုဇုန်မြေအဖြစ်သို့ ပြောင်းလဲ သတ်မှတ်ရန်အတွက် လ/န (၃၀) ယ ရရှိရေးကို ကန့်ကွက်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့၌ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများမှ ကွန်ဒိုမီနီယမ် တိုက်ခန်းသစ်များ ထွက်ရှိမှု လျော့ကျလာပြီး စီမံကိန်းများ မရေမရာဖြစ်မှုနှင့်အတူ ၀ယ်ယူသူများ ဈေးကွက်အပေါ် ယုံကြည်မှု လျော့နည်းလာကြောင်း နိုင်ငံတကာ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Colliers International ၏ မြန်မာနိုင်ငံ၏ ကွန်ဒိုမီနီယမ် ဈေးကွက်ဆိုင်ရာ နှစ်ဝက် သုံးသပ်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံတော် စီမံကိန်းလုပ်ငန်းများကို လုပ်ငန်းပြီးစီးပြီ ၂ နှစ်အတွင်းပျက်စီးမှု ရှိပါက တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် ရရှိသူမှ ပြန်လည်ပြုပြုပေးရမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ယမန်နေ့က အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့် ရိုးရိုးလေးကုမ္ပ ဏီတို့အကြားချုပ်ဆိုထားသည့် ကန်ထရိုက်စာချုပ်များ ဖျက်သိမ်း ရေးအပါအ၀င် အချက်လေးချက် ကို လိုက်နာဆောင်ရွက်ရန် ရိုးရိုး လေးကုမ္ပဏီပိုင်ရှင်က ၀န်ကြီးဌာ နသို့ ကတိပြုလက်မှတ်ရေးထိုးခဲ့ ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်များ တွေ့ဆုံပွဲကို မူလသတ်မှတ်ထားသည့် ရက်တွင် မကျင်းပနိုင်တော့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ချက်အရ သိရသည်။
You are here:   HomeALL NewsLocal News