တရားမဝင်ခုတ်ယူမှု ပမာဏ မြင့်မားနေခြင်းကြောင့် ကျွန်းသစ်အရေအတွက် လျော့နည်းလာနေရာ ယခုနှစ်အတွင်းမှစ၍ ကျွန်းသစ်ကို လုံးဝထုတ်ယူခြင်း မရှိပဲ ရပ်ဆိုင်းနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြောကြားသည်။

 မူဆယ်မြို့ ၊ဆင်ဖြူဈေးအနီးတွင် မပေါက်ကွဲသေးသည့် အသံမိုင်းနှစ်လုံးကို ယနေ့ ဧပြီ ၂၅ ရက် နံနက်၇း၃၀က တွေ့ရှိခဲ့သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။

မဖြစ်မနေလိုအပ်ချက်ကြောင့် အိမ်ငှားခဈေးနှုန်းများ မြင့်တက်နေရကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်းမှ သိရသည်။

''နိုင်ငံတော်အစိုးရအနေနဲ့ ပြည် သူလူထုအတွက် တန်ဖိုးမျှတတဲ့အိမ် ရာတွေနဲ့ ဈေးနှုန်းသက်သာတဲ့အငှား အိမ်ရာစီမံကိန်းတွေကို ရေရှည်အ ကောင်အထည်ဖော်ဆောင်ရွက်သွား ဖို့လိုအပ်ပါတယ်''ဟု မြန်မာနိုင်ငံ အိမ် ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦး ခင်မောင်သန်းက ပြောသည်။

အိမ်ပိုင်မရှိသည့်အိမ်ငှားများ ရင်ဆိုင်နေရသည့်အခက်အခဲများသည် ရပ်ကွက်ဒေသပေါ်မူတည်ကာ အိမ်ငှား သည့်အိမ်ရှင်များအချင်းချင်း ဈေးပြိုင် ထားဈေးနှုန်းများသတ်မှတ်၍ ဈေးနှုန်း မြှင့်တင်မှုများစွာရှိနေပြီး ရရှိသောဝင် ငွေနှင့် အိမ်ငှားစရိတ်မညီမျှ၍ အခက် အခဲများရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် တိုးတက်ရေးနှင့် ပြည်သူလူထု အများစု၏ လူနေမှုအဆင့်အတန်း တိုးတက်ရေးအတွက် အဖွဲ့အစည်း အသီးသီးမှ အကြံဉာဏ်နှင့် အကူအညီများ ရယူမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမတွင် ဧပြီလ ၆ ရက်နေ့က ပြုလုပ်သော အမျိုးသား လျှပ်ဓာတ်အား စီမံကိန်း (NEP - National Electrification Plan) အကောင်အထည်ဖော် ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ ချေးယူငွေဖြင့် ထရန်စဖော်မာများ ဝယ်ယူရေးကိစ္စ ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

၂ဝ၁၅ ရွေးကောက်ပွဲရလဒ်များဖြင့် ဖြစ်ပေါ်လာသည့် ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ရပ်နားလိုက်ပြီဖြစ်သည်။
အစည်းအဝေးများကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၆၆ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၁၈ ကြိမ်၊ ပြည်သူ့လွှတ်တော်အစည်းအဝေး ၁၈ ကြိမ်နှင့် အမျိုးသား လွှတ်တော်အစည်းအဝေး ၁၆ ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုဝန်ကြီးနှစ်ဦး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ ကတိသစ္စာပြုခြင်းဖြင့် အဆုံးသတ်သည်။
သင်္ကြန်ကာလ အစည်းအဝေးများ ရပ်နားထားစဉ်အတွင်း ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ပြင်ဆင်ရန်အကြံပြုထားသည့် ဥပဒေပေါင်း ၁၄၂ ကို ကိုယ်စားလှယ်များအနေနှင့် လေ့လာသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက ပြောဆိုသည်။
အစည်းဝေးများကို လာမည့် မေလ ၂ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်သည်။ အမျိုးသားလွှတ်တော်အနေနှင့် အဆိုပါဥပဒေများအနက်မှ ၈၁ ခုကို ဦးစားပေးကာ ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး လွှတ်တော်အတွင်းရှိ သက်ဆိုင်ရာ ရေးရာကော်မတီအဖွဲ့ဝင်များကို လေ့လာနိုင်ရန် ပေးပို့ထားကြောင်း ၎င်းက ဆိုသည်။

တာဝန်သိ၊ တာဝန်ယူသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအားလုံးကိုလက်ခံပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ သမ္မတအိမ်တော်သံတမန်ခန်းမဆောင်တွင် ကနဒါနိုင်ငံခြား ရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြည်တွင်းပြည်ပမီဒီယာများကို ပြော ကြားသည်။
တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်တို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့်ကနေဒါ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံရာတွင် ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ဦးဇော်ဌေးက''အဓိကအားဖြင့် တော့ အချက်လေးချက်ကိုဆွေးနွေးပါတယ်။ အဲဒီအချက်လေးရပ်နဲ့အတူ ဆောင်ရွက်သွားရေးကို ကနေဒါ ဘက်ကပံ့ပိုးနိုင်တဲ့အကူအညီ ဒါတွေကိုနှစ်ဖက်ဆွေးနွေးပါတယ်''ဟု ပြောသည်။ နိုင်ငံတော်သမ္မတဦးထင်ကျော် နှင့်ကနေဒါနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့သည့်အချက်များမှာ အမျိုး သားပြန်လည်ရင်ကြားစေ့ရေး၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွား ရေးနှင့်ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အစိုးရသစ်၊ သမ္မတသစ်လက်ထက်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဆိုပြု.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်၊ နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများအား အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများက မတ် ၃၀ ရက် တွင် အဆိုပြု ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး၌ ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဆရာဝန်များက ပြုစုစောင့်ရှောက်ပေးမည့် ရှေ့ပြေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားရေးရာ အဖွဲ့အစည်းများနှင့်နိုင်ငံရေး အကျဉ်းသားဟောင်းများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အိုင်တီနယ်ပယ်မှ စွန့်ဦးတီထွင်လိုသူများကို Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်း ကူညီမည်
နည်းပညာနှင့် ပတ်သက်၍ စွန့်ဦးတီထွင်မှုများ ပေါ်ပေါက်လာစေရန် Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့မှု ပြုလုပ် သွားမည်ဟု ကြေညာခဲ့သည်။

အချိန် ၃ နှစ်အတွင်း Startup ပေါင်း ၁၀၀ ကျော်နှင့် ပညာရှင်ပေါင်း ၄၀၀ ကျော် ပေါ်ထွက်လာစေရန် Lithan Group က အမေရိကန်ဒေါ်လာ ၃ သန်းကို အသုံးပြုသွားမည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန်လမှ စတင်၍ Startup များနှင့် ပညာရှင်များ ပေါ်ပေါက်လာစေရန် သင်တန်းပို့ချခြင်းကို ပြုလုပ်သွားမည်ဖြစ်ပြီး အရည်အချင်းရှိသော စွန့်ဦးတီထွင်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုအပြင် အခြားသော ကူညီထောက်ပံ့မှုများလည်း ပြုလုပ်ပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစီအစဉ်ကို Lithan Technopreneur Accelerator ဟု အမည်ပေးထားပြီး ပထမဦးဆုံး သင်တန်းအတွက် လျှောက်လွှာများ ရန်ကုန်မြို့ရှိ Lithan တက္ကသိုလ်ကျောင်းတွင် လက်ခံနေခြင်း ဖြစ်သည်။ စွန့်ဦးတီထွင်ခြင်းများ ပြုလုပ်နိုင်မည့် ပညာရှင်အဆင့်သို့ရောက်ရှိရန် အဆင့်သုံးဆင့်ဖြင့် ၉ လအကြာ ကျော်ဖြတ်ရမည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသူများကို ငွေကြေးထောက်ပံ့မှုနှင့်အတူ ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

Lithan Group သည် စင်ကာပူတွင် အခြေစိုက်ပြီး အာရှဒေသတွင် ပညာရေးကဏ္ဍကို ဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်သည်။ အာရှဒေသ၌ အိုင်တီ နည်းပညာကျောင်းပေါင်း ၇ ကျောင်းကို ဖွင့်လှစ်ထားသော Lithan Group သည် မြန်မာနိုင်ငံ၌ Lithan Technopreneur Accelerator ပရိုဂရမ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

# Internet Journal

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာအနီးတွင် ဧပြီ ၇ ရက် နံနက် ၇ နာရီချိန်တွင် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၈ ၏ ရှေ့တန်းစခန်းအား လက်နက်ကြီးများဖြင့် နာရီဝက်ခန့်ကြာ ပစ်ခတ် တိုက်ခိုက်သည်ဟု KIO ၏ ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“နမ်ဆန်ယန်ကနေ အနောက်ဘက်ကို သွားတဲ့ ဘန်ဒေါင်ဆိုတဲ့ ရွာဟောင်းမှာ ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှေ့တန်း ကာကင်းနေရာမှာ တပ်မတော်ဘက်က အင်အား ၅၀၊ ၆၀ လောက်နဲံ အဝေးကနေ လာပြီး လက်နက်ကြီးနဲ့ ဝိုင်းပစ်တယ်လို့ ကြားတယ်”ဟု မဇ္စျိမကို ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရသည့်အကြောင်းအရင်း အသေးစိတ် မသိသေးသော်လည်း လိုင်ဇာ၏ အနောက်ဘက် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိ နမ်ဆန်ယန်နှင့် ဘန်ဒေါင်ကျေးရွာအကြား KIAရှေ့တန်းစခန်းအား ရှင်းလင်းလိုသည့်သဘောရှိသည်ဟု သူက ပြောသည်။
”အသေးစိတ်တော့ မသိရသေးဘူး။ ကျွန်တော်ထင်တာက မြစ်ကြီးနား ဗန်းမော်ကားလမ်းရဲ့ အနောက်ဘက်မှာ ကျွန်တော်တို့ ရှေ့တန်းစခန်းတွေကို ဖြေရှင်းချင်တဲ့သဘောနဲ့ လာပစ်တယ်လို့ ယူဆပါတယ်။”ဟု သူက ဆက်လက် ပြောဆိုသည်။
လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော နေရာတွင် ၂၀၁၅ ခုနှစ်အတွင်းက KIO လိုင်ဇာဌာနချုပ်အနီး အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားမှုမရှိတော့သော်လည်း ယခု ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သလို၊ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲ ဖ်ြစ်ပွားရခြင်းလည်း ဖြစ်သည်။
သို့သော် မတ်လ ၂၈ ရက်က မန်စီမြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေအတွင်း အစိုးရ စစ်တပ်အင်အား ၁၀၀ ကျော်က လှုပ်ရှားလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။
ဧပြီ ၆ ရက်မှစတင်၍ လိုင်ဇာဌာနချုပ်တွင် လက်ရှိ အစိုးရသစ်နှင့်ငြိမ်းချမ်းရေး ဆွးနွေးနိုင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က အရပ်သားများ ပါဝင်သော “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့”(Shawng lam Mungmasa Jasat Hpung- SMJH)၏ လုပ်ငန်းအစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်သည်။
Credit To >>> Mizzima Burmese

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄ဝ(က) အရ ထုတ်ပြန် သည့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို မတ် ၂၈ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၁ဝ၁၄/၂ဝ၁၆ ဖြင့် ထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ ပြင်ဆင်သည့်နည်းဥပဒေတွင် စာပိုဒ်(၁၄)ပိုဒ်ပါရှိပြီး ယင်းတွင် နည်းဥပဒေ၏အခေါ်အဝေါ်၊ နည်းဥပဒေခွဲ၊ နည်းဥပဒေခွဲငယ်များအလိုက် စကားရပ်များပယ်ဖျက်ခြင်း၊ အစားထိုးခြင်း၊ ဖြည့်စွက်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ထားရှိသည်။
အဆိုပါနည်းဥပဒေအား နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ ခရိုင်နှင့် မြို့နယ်အားလုံးသို့ ဖြန့်ဝေထားပြီး မြန်မာနိုင်ငံ ပြန်တမ်းတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Credit To- MOI Webportal Myanmar

<< Start < Prev 13 14 15 16 17 18 19 20 21 22 Next > End >>
Page 22 of 22
You are here:   HomeALL NewsLocal News