မြန်မာနိုင်ငံ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းလေးခု ဆောင်ရွက်နေသည့် ထိုင်းစတော့အိတ်ချိန်း SET စာရင်းဝင် လုပ်ငန်းတစ်ခုဖြစ်သော PTT Exploration and Production Plc (PTTEP) ၏ ၂၀၁၇ ခုနှစ်အတွက် ကုမ္ပဏီဘတ်ဂျက် အသုံးစရိတ် ရာခိုင်နှုန်း ၃၀ လျှော့ချခဲ့ကြောင်း ထိုင်းအခြေစိုက် Bangkok Post သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ် လာသုံးသန်း လှူဒါန်းမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ဇန်န၀ါရီ ၅ ရက်တွင် သတင်း ထုတ်ပြန်သည်။
အာဆီယံဒေသအတွင်း ဘဏ်များ အပြန်အလှန်ဖွင့်လှစ်နိုင်ရန် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် နိုင်ငံအဆင့် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။
မြန်မာငွေကျပ်တန်ဖိုးသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အဆိုပါ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ မြင့်တက်နေခြင်း အခြေအနေသည် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် ထိခိုက်စေမှုများ ဖြစ်ပေါ်စေလျက်ရှိပြီး ပြည်တွင်းအထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည် ဖြစ်ပါသဖြင့် ငွေလဲနှုန်းများ ပြန်လည်တည်ငြိမ် လာစေရေး အတွက် ကုန်သည်စက်မှု အသင်းချုပ်မှ နိုင်ငံတော်အစိုးရသို့ အကြုံပြုတိုက်တွန်းချက်များ အစီရင်ခံစာကို ပေးပို့မည်ဖြစ်ပါသည်။
ရခိုင်ကမ်းလွန်ဒေသရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် နှစ်ခုတွင် အမေရိကန်ရေနံကုမ္ပ ဏီ WOODSIDE က ဖေဖော်ဝါရီ မှစတင်၍ တွင်းတူးရေးလုပ်ငန်း များ လုပ်ကိုင်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။