နိုင်ငံတော် တိုးတက်ရေးနှင့် ပြည်သူလူထု အများစု၏ လူနေမှု အဆင့်အတန်း တိုးတက်စေရန် သင့်လျော်ကောင်းမွန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ ထောက်ပံ့ကူညီမှု၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အဖွဲ့အစည်း အသီးသီးတို့ထံမှ အကြံဥာဏ်နှင့် အကူအညီများ ရယူသွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုသည်။
ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွား မထိခိုက် မဆုံးရှုံးရေးကိုလည်း သတိပြု ဆင်ခြင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မူလအခြေခံ ထုတ်လုပ်သူများ ဖြစ်သော စိုက်ပျိုးသူ၊ မွေးမြူသူနှင့် ထုတ်လုပ်သူများ အားလုံးကို နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်း အသီးသီးမှ စဉ်ဆက်မပြတ် အားပေးကူညီထောက်ပံ့မှသာ ပြည်သူလူထု၏ လူနေမှုစီးပွားရေးဘဝ တိုးတက်လာမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
# The Voice Weekly