ဘဏ်အတိုးရငွေအပေါ်မှာ အခွန်ကောက်ခံသွားရန် အစီအစဉ်မရှိဘူးလို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံပိုင်ရုပ်သံနဲ့ သတင်းစာများမှတစ်ဆင့် အများပြည်သူသိရှိရန်အတွက်အသိပေးကြေညာလိုက်ပါတယ်။
မူဆယ်နယ်စပ်ကုန် သွယ်ရေးဂိတ်ကို အဆင့်မြှင့်တင် ရန် ပြည်နယ်အစိုးရ၏ ဖိတ်ခေါ်မှု ကြောင့် ကုမ္ပဏီငါးခု လာရောက် လျှောက်ထားကြောင်း သတင်းရရှိ သည်။
ရန်ကုန်မြို့တွင် မြေအောက်ရထားစနစ် လုပ်ဆောင်ရန် ဂျပန်နှင့် တိုင်ပင်ထားကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က သတင်းထောက်များအား ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သီလ၀ါအထူး စီးပွားရေးဇုန်အနီး မြေဧက ၁၃၀ ခန့်တွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် ပထမအဆင့် အနေဖြင့် မြေ ၃၁ ဧကတွင် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၁၇၀၀ ကျော်ကို စတင် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥပဒေအကြံပေး ဦးကိုနီအား အင်ဒိုနီးရှားနိုင်ငံလေ့လာရေးခရီးမှအပြန် ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရမှု နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကြည်လင်း နှင့် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် တရားခံ အောင်ဝင်းဇော် တို့အား ထိန်းသိမ်းထားပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ကျပ်သိန်း ၁၀၀၀ ပေး ခိုင်းစေသည့် အောင်ဝင်းခိုင် အား စစ်ဆေးသိရှိရပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးကို တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက် (၂) အား ထုတ်ပြန်ချက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။
ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရန် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် သတ်မှတ်ထားမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် တစ်ရာခိုင်နှုန်းသာ ကျသင့်စေရမည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစီအစဉ်တွင် ဥပဒေကြမ်းပူး ပေါင်းကော်မတီက အစီရင်ခံတင်ပြခဲ့ကြောင်း သိရသည်။
အခန်းသုံးခန်းမှ ၁၇ ခန်း အတွင်းရှိ ကန်ထရိုက်တိုက်ခန်း များအနေဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော် ပိုရေးရှင်းသို့ ထရန်စဖော်မာတပ် ဆင်ခ တစ်ခန်းလျှင် ကျပ်ငါးသိန်း ခွဲ ပေးသွင်းရတော့မည် ဖြစ် ကြောင်း သတင်းရရှိသည်။
မြစ်ဆုံ ရေလှောင်တမံ အပါအ၀င် ဧရာဝတီမြစ်နှင့် သံလွင်မြစ်များပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများနှင့် စပ်လျဉ်းပြီး ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကမ္ဘာ့ဘဏ် အုပ်စုအဖွဲ့ဝင်ဖြစ်သည့် နိုင်ငံတကာဘဏ္ဍာ ရေးကော်ပိုရေးရှင်း (IFC) အနေဖြင့် ပါဝင်မည်မဟုတ်ကြောင်း IFC က သတင်းထုတ်ပြန် လိုက်သည်။