အရှေ့တောင်အာရှဒေသရဲ့ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းဈေးကွက် လာမယ့်ငါးနှစ်အတွင်း ယခုထက် နှစ်ဆ ကျယ်ပြန့်လာမယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ထုတ်ပြန်ခန့်မှန်းသွားခဲ့ပါတယ်။ ဒေသတွင်း ဗီယက်နမ်၊အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ဒေသတစ်ခုလုံးရဲ့ e-commerce လုပ်ငန်းမှာ အဓိကမောင်းနှင်သူတွေ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

နိုင်ငံတကာအခြေစိုက် ကုမ္ပဏီကြီးတွေအနေနဲ့ ကမ္ဘာတစ်ဝန်း ဘယ်နေရာမှာပဲ အခြေချလုပ်လုပ် အရင်က အခွန်ရှောင်ခဲ့တဲ့အလေ့အကျင့်တွေကနေဖယ်ခွာပြီး သင့်တော်မျှတတဲ့ အခွန်အခတွေ ပေးဆောင်ဖို့လိုနေပြီလို့ ဥရောပဇုန်က ဘဏ္ဍာရေးဝန်ကြီးအုပ်စု အကြီးအကဲက သတိပေးပြောကြားလိုက်ပါတယ်။

ပြီးခဲ့သောနှစ်တွင် တီဟီရန်က ကမ္ဘာ့အင်အားကြီးခြောက်နိုင်ငံနှင့် သမိုင်းဝင် နျူကလီးယားသဘောတူညီချက်ရရှိပြီးနောက် အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံ ကုန်ကျမည့် စီမံကိန်းတစ်ခုဖြစ်သော ဒုတိယမြောက်နျူကလီးယားစက်ရုံ တည်ဆောက်မှုကို ရုရှားနိုင်ငံ၏အကူအညီဖြင့် အီရန်နိုင်ငံက စတင်လိုက် ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

အာရှနိုင်ငံ စင်ကာပူအနေနဲ့ အကောင်းဆုံးသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အချက်အချာမြို့အဖြစ် လန်ဒန်ရဲ့ နောက်မှာ ရပ်တည် လျက်ရှိတယ်လို့ နိုင်ငံပေါင်းစုံအခြေစိုက် ၀န်ဆောင်မှုကွန်ရက် PricewaterhouseCoopers LLP (PwC) က

ပြောပါတယ်။

မြောက်ကိုရီးယားရဲ့နောက်ဆုံးဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပြီး စက်တင်ဘာလ(၆)ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့စီးပွားရေးတိုးတက်ဖို့အတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြရလျက်ရှိရာမှာ ဂျီ၂၀ အုပ်စုမှ ခေါင်းဆောင်များအနေနဲ့ အပြောနှင့်အညီ လက်တွေ့လုပ်ဆောင်ပြသကြရတော့မှာဖြစ်တဲ့အတွက် တရုတ်သမ္မတရှီက တိုက်တွန်းပြောကြားသွားပါတယ်။

ကမ္ဘာ့ စီးပွားရေးမှာ တိုးတက်မှု အခွင့်အရေးတွေအားလုံးကို သာတူညီမျှဖြစ်အောင် ခွဲဝေမျှဖို့ အရေးကြီးလှတယ်ဆိုပြီး ဂျီ၂၀ အုပ်စု ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ သဘောတူ ပြောကြားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှ အဲဘတ်စ်လေယာဉ် အစင်း ၄ဝ ဝယ်ယူမည့် သဘောတူစာချုပ်များကို ဗီယက်နမ်လေကြောင်းလိုင်းသုံးခုက လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာစီးပွားရေးအရ ပိတ်ဆို့ထားမှုတွေကို ထပ်မံလျော့ချပေးဖို့အတွက်စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာလည်းအမေရိကန်နိုင်ငံကိုသွားရောက်ဖို့ရှိပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အလေးဆုံး လေယာဉ်ကြီးကို ထုတ်လုပ်ဖို့ သဘောတူညီချက်တစ်ခုကို ယူကရိန်းနဲ့ တရုတ်တို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။