နိုင်ငံရဲ့ အဝင်အထွက် အများဆုံး လေဆိပ်ထဲက တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန်ကျန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကင်းလှည့်ဖို့ စက်ရုပ်တွေကို ထားရှိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ပုံမှန်အားဖြင့် မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်လက်နက် စွမ်းရည်နှင့် ပတ်သက်၍ သိုဝှက်စွာ ပြုမူလှုပ်ရှားတတ်သည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ အာရှတိုက် အရှေ့မြောက်ပိုင်းရှိ အထီးကျန် ကွန်မြူနစ် နိုင်ငံတွင် ပထမဆုံးအကြိမ် နိုင်ငံတကာ လေကြောင်းပြပွဲ တစ်ရပ်ကို ကျင်းပပြီး တိုက်လေယာဉ်များ၊ အခြားစစ်သုံးလေယာဉ်များကို ခင်းကျင်းပြသသွားခဲ့သည်။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားဒေသတစ်ခုဖြစ်တဲ့ ဖူးခက်ကအထင်ကရ ကမ်းခြေသုံးခုမှာဆိုရင် လူသေဆုံးစေတဲ့ Jellyfish ပုံစံတူ အဆိပ်ရှိ ရေနေသတ္တ၀ါတွေ တွေ့ရှိထားတာကြောင့် အားလပ်ရက်ခရီးထွက်လာသူတွေကို ရေကူးခွင့်ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။

EUကနေ ဗြိတိန်နှုတ်ထွက်မှုနောက်ဆက်တွဲဂယက်အနေနဲ့ အာရှဒေသက စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ထိခိုက်ဆုံးရှုံးလာစရာရှိနေတယ်လို့ ဗြိတိန် ကုန်သွယ်ရေးဝန်ကြီးဟောင်း Peter Mandelsonက ပြောကြားလိုက်ပါတယ်။ ယင်းအတွက်ကြောင့်လည်း EUကနေဗြိတိန် အေးအေးသက်သာ ထွက်ခွာမှုအပေးမှာ ကူညီထောက်ခံပေးသင့်တယ်လို့ ၎င်းက ပြောကြားလိုက်ပါတယ်။

တိုင်းပြည်တစ်ဝန်း နျူကလီးယားဓာတ်အားပေးစက်ရုံ ၆ဝ ကျော်တည်ဆောက်မည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်တစ်ရပ်ကို တရုတ်နိုင်ငံမှ အရေးပါသော နျူကလီး ယားကုမ္ပဏီကြီးသုံးခုက ထုတ်ဖော်ကြေညာလိုက်သည်။

အိုမင်းနေပြီဖြစ်သော လေယာဉ်များကိုပြုပြင်ရန်ရည်ရွယ်ကာ ခရီးသည်တင်လေယာဉ် များဝယ်ယူရေးအတွက် ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီကုမ္ပဏီနှင့် အီရန်နိုင်ငံတို့ ဆွေးနွေးနေကြောင်း လမ်းပန်းနှင့် မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အီရန်တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ Press TV က ဖော်ပြသည်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ လူသားချင်းစာမှု အကူအညီပေးရေး ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အတွက် အရပ်သား ၂၀ နဲ့ ဆီးရီးယား လခြမ်းနီအဖွဲ့က အရာရှိတဦးတို့ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွက် ရုရှားမှာ တာဝန်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

ဒတ်ခ်ျရဲတပ်ဖွဲ့ဟာ လင်းယုန်ငှက် အတော်များများကို ဝယ်ထားပြီးတော့ လေ့ကျင့်ပေးနေပါတယ်။

တရုတ်နဲ့ ရုရှားရေတပ်တွေဟာ ရှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ် ကမ်းလွန် တောင်တရုတ်ပင်လယ်ထဲမှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ပြောပါတယ်။

တရုတ်ရဲ့ e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Alibaba ရဲ့လက်ရှိဈေးကွက်တန်ဖိုးဟာဆိုရင် အခြားအာရှမှာ စာရင်းသွင်းလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအားလုံးထက် သာလွန်ပြီးစုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၆ ဘီလီယံထိ ရှိလာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။