တရုတ်ရဲ့ ယွမ်ငွေကြေးတန်ဖိုးဟာ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ခြောက်နှစ်တာအတွင်း အနိမ့်ဆုံးနှုန်းထားတစ်ခုထိ တန်ဖိုးကျဆင်းလျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာ ၂၄ ရက်က ယွမ်ငွေတန်ဖိုးဟာ အဆိုးဆုံးကျဆင်းမှုအဖြစ် တစ်ဒေါ်လာကို ၆ ဒသမ ၇၆၉၀ ထိ ကျဆင်းခဲ့တယ်လို့ China Foreign Exchange Trade system အရ သိရပါတယ်။
အမေရိကန်တယ်လီကွန်းလုပ်ငန်းစုကြီးဖြစ်တဲ့ AT&Tက မီဒီယာနဲ့ဖျော်ဖြေရေးလုပ်ငန်း Time Warner Inc ကို ဒေါ်လာ ၈၅ ဘီလီယံနဲ့ ၀ယ်ယူဖို့ ယခုအခါမှာတော့ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီး နီးစပ်တဲ့သတင်းရင်းမြစ်တွေအရ သိရပါတယ်။

 သြစတြေးလျနိုင်ငံတွင် အန္တာတိကရေနေသက်ရှိရင်းမြစ်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ကော်မရှင် CCAMLR က အန္တာတိကရေပြင်အတွင်း အဏ္ဏဝါဘေးမဲ့တော ဖန်တီးနိုင်ရေး အောက်တိုဘာ ၁၇ ရက်က စတင်စည်းဝေးဆွေးနွေးသည်။

ပြင်သစ်၊ ရုရှားနှင့် ဂျာမနီခေါင်းဆောင်များသည် ကြမ်းတမ်းရက်စက်သော ထိုးစစ်ဆင်မှုများကို ရုရှားဘက်မှ ပြုလုပ်နေသည်ဆိုသော စွပ်စွဲချက်များကို ရပ်တန့်စေမည့် အလက်ပိုမြို့တွင် ခေတ္တအပစ်အခတ်ရပ်စဲရေး မတိုင်မီ ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားအရေးဆွေးနွေးရန် မော်စကိုမြို့၌တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်နီထဲတွင်ရှိသော အမေရိကန် စစ်သင်္ဘော သုံးစင်းသည် အောက်တိုဘာ ၁၅ ရက်က ၎င်းတို့အား ပစ်မှတ်ထားခြင်း ဖြစ်ဖွယ်ရှိသည့် ဒုံးကျည်များ ပစ်ခတ်မှုများကို ထောက်လှမ်းသိရှိ ခဲ့ကြသည်ဟု အမေရိကန်စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။ မည်သည့်သင်္ဘောမှ ဒုံးကျည်မထိမှန် ခဲ့သော်လည်း ယီမင်မှ ဟူသီသူပုန်များ တင်းမာမှု မြင့်တက်နေစဉ် ယခုဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားဘီလျံနာသူဌေးကြီး ၏ ကမ္ဘာ့အကြီးဆုံးရွက်လှေ‘အေ’ ဆောက်လုပ်ရာတွင် တရားမ၀င် မြန်မာကျွန်းသစ်များ အသုံးပြုခဲ့ ကြောင်း သဘာဝပတ်ဝန်းကျင်စုံ စမ်းစစ်ဆေးရေးအဖွဲ့ (EIA) က သတင်းထုတ်ပြန်သည်။
အမေရိကန်နာမည်ကြီး မော်တော်ဆိုင်ကယ်ထုတ်လုပ်ငန်းဖြစ်တဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့တိုးတက်နိုင်စေဖို့အတွက်Harley-Davidson ကအာရှဒေသကို ပိုမိုအလေးထားအာရုံစိုက်သွားဖို့စီစဉ်နေပါတယ်။
ဖိလစ်ပိုင်ခေါင်းဆောင် ဒူတာတေးက အမေရိကန်သမ္မတ ဘားရတ်အိုဘားမားအား ငရဲသွားလိုက်တော့ဟု ပြောကာ ဖိလစ်ပိုင်နိုင်ငံအား အမေရိကန်နိုင်ငံအနေဖြင့် လက်နက်မရောင်းလည်း ရုရှနှင့် တရုတ်တို့က ရောင်းမည်ဖြစ်၍ ဂရုစိုက်စရာမလိုကြောင်း အောက်တိုဘာ ၄ ရက်က ပြောလိုက်သည်။
ဗြိတိန်နိုင်ငံရဲ့ ပရိုဖက်ရှင်နယ် ၀န်ဆောင်မှုလုပ်ငန်းတွေထဲမှာဆိုရင်ရှေ့လာမယ့်ကာလတွေထဲမှာ လုပ်ငန်းကျွမ်းကျင်သူ ရှားပါးပြတ်တောက်မယ့် အရေးနဲ့ပါ ရင်ဆိုင်သွားရနိုင်တယ်လို့ သတိပေးမှုတွေ ရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အိုပက်ဦးဆောင်တဲ့ အဖွဲ့က ထုတ်လုပ်မှုလျှော့ချဖို့ သဘောတူခဲ့တာကြောင့် ရေနံဈေးနှုန်းပိုင်းမှာ အတက်ဘက်ကိုရောက်နေခဲ့တယ်ဆိုသော်ငြားလည်း အီရန်ရဲ့ ရေနံတင်ပို့မှုမြင့်တက်နေခဲ့ပြန်တာကြောင့်လည်း ယနေ့ အောက်တိုဘာ ၄ ရက်အရောက်မှာတော့ရေနံဈေးအနည်းငယ် ပြန်ကျသွားခဲ့ပါတယ်။