အမေရိကန်သမ္မတအိမ်ဖြူတော်အပြင်ဖက်တွင် လက်နက်ကိုင်တစ်ဦးအား တန်ပြန်ထောက်လှမ်းရေးအေဂျင့်က ပစ်ခတ်လိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

မေ ၁၉ ရက်နေ့က ပျက်ကျသွားတဲ့ အီဂျစ် လေကြောင်းလိုင်းပိုင် လေယာဉ် အပိုင်းအစတွေကို ဂရိကျွန်းတခုအနီးမှာ တွေ့ရှိရတယ်လို့ အီဂျစ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ကူတို ဧပြီ ၂၂

လူပေါင်း ၅၈၇ ဦးသေဆုံးခဲ့ရသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် အီကွေဒေါနိုင်ငံတွင် ကြာသပတေးနေ့၌ ပြင်းအား ၆.၀ မဂ္ဂနီကျုအဆင့်ရှိ အင်းအားပြင်းငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေး ဌာနက ပြောသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို လုပ်ကြံရန် စီစဉ်နေတဲ့ လူနှစ်ဦးကို ဖမ်းဆီးရရှိကြောင်း မြောက်ကိုရီးယား နိုင်ငံကနေ သတင်းထွက်လာပါတယ်။ North Hamgyong ပြည်နယ်ဟာ တရုတ်နယ်စပ်က ဖြစ်ပြီး ယင်းဒေသကို ကင်ဂျုံအန်အလည်ပတ်ရောက်တုန်းက စပိုင်နှစ်ဦးက ကင်ဂျုံအန်ကို ကြံစည်ရန် ရောက်ရှိနေခြင်း ဖြစ်ပါတယ်။
အစီစဉ်တစ်ခုလွဲချော်တာကြောင့် ယင်း လူနှစ်ဦးကို သိသွားပြီး နယ်စပ်စောင့် စစ်သားများက လိုက်လံဖမ်းဆီးရာ Tumen မြစ်တစ်ဖက်ကမ်းကို ကျော်ပါတယ်။ တရုတ်ပြည်အထိ လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ဦးဟာ မြောက်ကိုရီးယားနိုင်ငံသား ဖြစ်ပြီး ကင်ဂျုံအန်ကို ဆန့်ကျင်သူ ဖြစ်ပါတယ်။ နော်ကတစ်ယောက်ကတော့ တရုတ်နိုင်ငံသား ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ သူတို့ ဆန္ဒအတိုင်းပဲလား သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက စေခိုင်းမှုကြောင့်ပဲလားဆိုတာတော့ မသိပါဘူး။ ဖမ်းဆီးနိုင်ခဲ့တဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့သားများကိုလည်း ဆုများ ချီးမြင့်ခဲ့ကြောင်း ဆိုပါတယ်။
ယင်း သတင်းက မြောက်ကိုရီးယားအနေနဲ့ ၇ ကြိမ်မြောက် အလုပ်သမားပါတီ စုံညီအစည်းဝေး ကျင်းပခါနီးမှာ နိုင်ငံသားများကို သတင်းအတု ဖြန့်ခြင်း ဖြစ်လေလားဆိုတာ သံသယဖြစ်နေကြပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာမပါဝင်ခဲ့ရတာတောင် ပါဝင်ခဲ့တယ်ဆိုပြီးတော့ တစ်ချိန်က ကန်ဖူးတဲ့ ဘောလုံးပွဲတစ်ပွဲကို ပြည်သူတွေကို ရုပ်သံလိုင်းကနေ ပြသလိမ်လည်ခဲ့ဖူးပါတယ်။ ဒါကို ပြည်သူတွေလည်း မသိပါဘူး။
ကင်ဂျုံအန်သေပြီဆိုတဲ့ သတင်းမှားဟာလည်း ပြီးခဲ့တဲ့ လက်တလော အချိန်ကာလက ထွက်ရှိပါတယ်။ ယင်းသတင်းဟာဆိုရင် ကင်ဂျုံအန် ကျန်းမာရေးမကောင်းတော့တာကို အခြေခံပြီးတော့ ဆင့်ပွား တုယောင်ခဲ့ခြင်း ဖြစ်ပါတယ်။ မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ အမှန်တကယ်ပဲ ကျန်းမာရေး မကောင်း ဖြစ်နေပြီး လေးဘက်နာတဲ့ ဂေါက်ရောဂါ ဝေဒနာကို ခံစားနေရ ပါတယ်။
# Yoe Yar Lay

 

အမေရိကန် ပင်တဂွန်စစ်ဌာန ချုပ်တွင် ကြယ်လေးပွင့်အဆင့်ရှိ ကြည်းတပ်နှင့် ရေတပ်ဗိုလ်ချုပ်ကြီး များအား တဖြည်းဖြည်းချင်းလျှော့ချ သွားမည်ဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဧပြီ ၅ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
"လာမယ့် ရက်သတ္တပတ်များ အတွင်း ကာကွယ်ရေးဌာနအနေနဲ့ စစ်ရုံးမှာ ကြယ်လေးပွင့်တပ်ဗိုလ်ချုပ် ကြီးများ ဖောင်းပွနေမှုအတွက် လျှော့ ချသွားမှာဖြစ်ပါတယ်" ကာတာက မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာ ရေးဌာနတွင် မိန့်ခွန်းပြောဆိုရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။

"နောက်ဆိုရင် ကြယ်သုံးပွင့် တပ်ကြည်းတပ်နဲ့ ရေတပ်ဗိုလ်ချုပ် ကြီးများကို အစားထိုးခန့်အပ်သွားမှာ ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ရာမှာ ပိုမို အဆင်ပြေထိရောက်နိုင်မှာဖြစ်ပါ တယ်" ဟုလည်း ပြောဆိုခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် နှစ်ပေါင်း ၃၀ ကြာမြင့်စွာကျင့်သုံးနေ သောဥပဒေများကိုလည်း ပိုမိုကောင်း မွန်တိုးတက်အောင် ပြင်ဆင်ဆောင် ရွက်နေဆဲဖြစ်သူ ဝန်ကြီးအက်ရှ်ကာ တာ၏ ပြောဆိုချက်ပေါ်ထွက်လာ ခြင်းဖြစ်သည်။

၁၉၈၆ ခု ဂိုးလ်ဝါးတား နစ်ကိုး အက်ဥပဒေအရ ပင်တဂွန်၏အဆို ပြုချက်သည် တာဝန်ထမ်းဆောင် နေသော ပူးတွဲစစ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဒန်းဖို့၏ အခန်းကဏ္ဍ နှင့် အမေရိကန်တပ်ရင်းတပ်ဖွဲ့များ ၌ တာဝန်ထမ်းဆောင်နေကြသော တပ်မှူး၏အခန်းကဏ္ဍများနှင့်လည်း အကျုံးဝင်သည်ဟု ကာတာက ပြော ကြားလိုက်သည်။
Credit To >>> Democracy Today

နယူးဇီလန် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်များ တပ်မှူး ဗိုလ်ချုပ် Dave Gawn သည် ကြည်းတပ် ဦးစီးချုပ် ဖြစ်လာမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဂျွန်နသန်ကိုးလ်မန်း က ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ အနောက်မြောက် ပိုင်းရှိ ''အမ်ရစ်ဆာ'' မြို့သို့ သွားရောက်ခဲ့ပြီး ၁၉၁၉ ခုနှစ်က ဗြိတိန် တပ်ဖွဲ့များ၏ သတ်ဖြတ် ခဲ့မှုကြောင့် သေဆုံး ခဲ့ရသူ များအား ဂါရဝ ပြုခဲ့ကြောင်း သိရှိ ရပါသည်။

<< Start < Prev 5 6 7 8 9 10 11 12 13 14 Next > End >>
Page 14 of 14