တောင်တရုတ်ပင်လယ်အတွင်း ကမ်းလွန်ဓာတ်ငွေ့တူးဖော်ရေးစင်တွင် တရုတ်နိုင်ငံက စစ်ဘက်သုံးရေဒါစနစ် တပ်ဆင်ထားသည်ကို ဂျပန်နိုင်ငံက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တရားဝင်ကန့်ကွက်လိုက်ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနက သြဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံမှာညွှန့်ပေါင်းတပ်ဖွဲ့က IS စစ်သွေးကြွအဖွဲ့ကိုလေကြောင်းကနေတိုက်တဲ့ဗီဒီယိုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ
(၄)ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဆီးရီးယားနိုင်ငံ Manbij(မန်ဘစ်ခ်ျ)မြို့ အနီးမှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်ရေးစခန်းတွေကို ဇူလိုင်လ(၁၆)ရက်နေ့က လေကြောင်းကတိုက်ခိုက်ခဲ့ပုံကိုပြသ ထားပါတယ်။

ဥရောပသမဂ္ဂ ကနေ ထွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း အဲဒီအကျိုးဆက်ကနေ အခွင့်အလမ်းတွေ ရယူအသုံးချနိုင်ဖို့ စီးပွားရေးလုပ်ငန်းသေး လုပ်ကိုင်သူတွေကို ထောက်ပံ့အားပေးသွားမယ်လို့ ဗြိတိန် ၀န်ကြီးချုပ် ထရီဇာမေက ကတိပြုပြောကြားလိုက်ပါတယ်။

ဗီယက်နမ် နိုင်ငံဟာ အာဆီယံဒေသ ခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေးမဟာဗျူဟာ ၂၀၁၇-၂၀၂၀ ကိုချမှတ်ဖန်တီးနိုင်ဖို့အတွက် ကူညီလမ်းကြောင်းပေးနိုင်မယ့် အတွေ့အကြုံရင့်ကျွမ်းကျင်အတိုင်ပင်ခံပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်သွားဖို့လုပ်ဆောင်နေတယ်ဆိုပြီးတော့ အမျိုးသား ခရီးသွားအာဏာပိုင်အဖွဲ့ကညွှန်ချုပ် Tran Phu Cuong က ပြောပါတယ်။

FBI တွင် ထိပ်တန်းလျှို့ဝှက်လုံခြုံရေးအချက်အလက်များ အသုံးပြုခွင့်ရှိသူ ဝန်ထမ်းတစ်ဦးက တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေသူဖြစ်ကြောင်း ဝန်ခံပြောကြားသည်။

ဗုဒ္ဓဟူးနေ့တွင် မြောက်ကိုရီးယားသည် အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဖြန်ချထားရန် စီစဉ်မှုကို တုန့်ပြန်သည့်အနေဖြင့် ဂျပန်ပင်လယ်အတွင်းသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

ယခုနှစ် ဒုတိယသုံးလပတ်ကာလထဲမှာ ပြင်သစ်ရဲ့ စီးပွားရေးတိုးတက်မှုနှေးကွေးတန့်အီနေခဲ့တာနဲ့အတူ ဥရောပဇုန်ရဲ့ စီးပွားရေးတိုးတက်မှုဟာယခင်သုံးလပတ်နဲ့နှိုင်းယှဉ်ရင် ထက်ဝက်ခန့်လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

ယခုနှစ် ၂၀၁၆ ဒုတိယသုံးလပတ်ထဲမှာ လုပ်ငန်းဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၂၃၄ သန်းထိရှိခဲ့တယ်ဆိုပြီး အမေရိကန်လေယာဉ်ထုတ်ကုမ္ပဏီ Boeing က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စင်ကာပူနိုင်ငံက ဆန်ကုန်သည်တွေဟာ ထိုင်းနိုင်ငံထွက် ဆန်တွေကို ၀ယ်ယူတင်သွင်းဖို့ အဆင်သင့်ဖြစ်နေလျက်ရှိတာကြောင့် ယင်းနိုင်ငံဟာ မိမိတို့ရဲ့ အဓိကဆန်ဈေးကွက်တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီး ထိုင်းကုန်သွယ်ရေးဝန်ကြီးApiradi Tantraporn က ပြောကြားသွားပါတယ်။

အမေရိကန်ဘိုးရင်းကုမ္ပဏီထံမှ ပင်လယ်ရေကြောင်းကင်းထောက်လေယာဉ်လေးစင်း ဝယ်ယူရေးဆိုင်ရာ ကန်ထရိုက် စာချုပ်ကို အိန္ဒိယနိုင်ငံက ဇူလိုင် ၂၇ ရက်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

<< Start < Prev 5 6 7 8 9 10 11 12 13 14 Next > End >>
Page 10 of 14