Wednesday, 08 February 2017 11:05

စီးပွားရေးအဆင့်သတ်မှတ်ချက်မှာ အိန္ဒိယနဲ့ တရုတ်အောက် ရောက်သွားနိုင်တဲ့ အမေရိကန်

Written by
Rate this item
(0 votes)
လက်ရှိအချိန်မှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ကို ကျော်ပြီး ကမ္ဘာပေါ်မှာ စီးပွားရေးအင်အားအတောင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်ထားနိုင်ခဲ့သလို အိန္ဒိယအနေနဲ့လည်း ယင်းအလားတူအတိုင်းပဲ လာမယ့် ၂၀၅၀ မတိုင်ခင် အမေရိကန်ကို ကျော်တက်သွားဖွယ် ရှိနေတယ်ဆိုပြီး ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
 
ပရော်ဖက်ရှင်နယ် ၀န်ဆောင်မှုလုပ်ငန်းကြီးဖြစ်တဲ့ PWC ကထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာတော့ နိုင်ငံကြီး ၃၂ နိုင်ငံရဲ့ စီးပွားရေးအဆင့်အတန်းတွေကို အဆင့်ခွဲခြားသတ်မှတ်ပေးထားခဲ့ပါတယ်။ ယင်းသို့ခွဲခြားသတ်မှတ်ရာမှာတော့ နိုင်ငံတွေကြားက စီးပွားရေးရာ ထုတ်လုပ်နိုင်စွမ်းအားနဲ့ လူနေမှုအဆင့်အတန်းတွေကို ခွဲခြားဖော်ထုတ်တိုင်းတာတဲ့နေရာမှာ သုံးတဲ့ အတိုင်းအတာ ၀ယ်အားညှိခြင့်း  purchasing power parity (PPP) နဲ့ တွက်ချက်ခဲ့တယ်လို့ ဆိုပါတယ်။
 
၂၀၁၆ ခုနှစ်အထိတော့ယင်းအဆင့်သတ်မှတ်ချက်မှာ (PPP)တန်ဖိုးဒေါ်လာ ၈,၇၂၁ ဘီလီယံ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၅၀ မတိုင်ခင်တော့ ဒေါ်လာ ၄၄,၁၂၈ ဘီလီယံအထိ ကြီးပွားလာပြီး အမေရိကန်ထက် ပိုသာသွားမယ်လို့ ခန့်မှန်းထားပါတယ်။အလားတူ ကမ္ဘာ့စီးပွားရေးဟာလည်း ၂၀၄၂ မတိုင်ခင် အရွယ်အစားအားဖြင့် ယခုထက်နှစ်ဆပိုကြီးလာဖို့ရှိကြောင်း PWC က ခန့်မှန်းပါတယ်။
 
" ခုချိန်မှာ ထွန်းသစ်စ ဈေးကွက်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကပဲ အဓိကအားဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုတွေကို မောင်းနှင်နေတာဖြစ်ပါတယ်။E7 ဆိုတဲ့ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ရုရှ နဲ့ တူရကီတို့ရဲ့ ပျမ်းမျှ တစ်နှစ်တာ တိုးတက်မှုနှုန်းက လာမယ့် ၃၄ နှစ်အတွင်း ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိဖို့ရှိနေပြီး G7 လို့ခေါ်တဲ့ အမေရိကန် ၊ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နဲ့ ဂျပန်တို့ကတော့ တိုးတက်မှုနှုန်း ၁ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းသွားပါတယ်။
 
Credit To >>> SFJ Strategy First Journal
Read 1315 times