Friday, 22 April 2016 15:38

အီကွေဒေါတွင် အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်ပြန်

Written by
Rate this item
(0 votes)

ကူတို ဧပြီ ၂၂

လူပေါင်း ၅၈၇ ဦးသေဆုံးခဲ့ရသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် အီကွေဒေါနိုင်ငံတွင် ကြာသပတေးနေ့၌ ပြင်းအား ၆.၀ မဂ္ဂနီကျုအဆင့်ရှိ အင်းအားပြင်းငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေး ဌာနက ပြောသည်။

ငလျင်ဗဟိုချက်မှာ ပရိုတိုဝီဂျိုမြို့၏ မြောက်-အနောက်မြောက်ဘက် ၁၀၀ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် စနေနေ့တွင် အီကွေဒေါတွင် ပြင်းအား ၇.၈ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။

Credit>>> Democracy Today

Read 1739 times Last modified on Monday, 25 April 2016 15:34