ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ ဆန်တင်ပို့ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ခွင့်ပြုချက်ရယူရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဆန်ကုန်သည်အချို့ထံမှ သတင်းရရှိသည်။
လာမယ့် ဆယ်စုနှစ်တစ်စုစာအတွင်းမှာ ကမ္ဘာတစ်ဝန်း ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုငွေစုစုပေါင်းအားလုံးထဲကနေ ၁၀ ရာခိုင်နှုန်းလောက်ကတော့ အာဆီယံနိုင်ငံတွေဆီကိုပဲ စီးဝင်လာဖို့ရှိတယ်လို့ သုတသနစစ်တမ်းတစ်ရပ်အရ သိရပါတယ်။
မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ပို့ကုန်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အထည်ချုပ်ကဏ္ဍမှ တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး တင်ပို့နေခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၅ ကျပ်အထိ မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးနှုန်း အကျဈေးဖြင့် ငြိမ်နေသော်လည်း ငွေလဲနှုန်းထား များပြားလာသောကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၆၃၀၀၀ ကျော်သို့ ပြန်လည် ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။
အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းမှ အောက်တိုဘာ ၁၇ ရက်အထိ ခုနစ်ရက်ဆက်တိုက် နိုင်ငံခြားငွေလဲနှုန်း ဈေးအမြင့်တန်းတွင် ရှိနေပြီး အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ၁၂၄၂ ကျပ်အထိ ကျဆင်းခဲ့ရာမှ ယင်းနေ့ ညနေပိုင်းမှ စတင်ကာ ပြန်လည် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်တွင် ဒေါ်လာ ၁၂၅၇ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော ငွေလဲနှုန်းသည် အောက်တိုဘာ ၁၂ ရက်တွင် ၁၂၆၈ ကျပ်အထိ မြင့်တက်ခဲ့သည်။
အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ၁၂၇၁ ကျပ်ဖြင့် ဈေးဖွင့်ကာ ၁၂၇၇ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ပြီး ပြန်လည် ကျဆင်းလာရာ ညနေ ၅ နာရီခန့်တွင် ကျပ် ၁၂၇၀ အထိ ရောက်ရှိခဲ့သည်။ အောက်တိုဘာ ၁၄ ရက်တွင် ကျပ် ၁၂၇၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၂၇၅ ကျပ် အထိ ပြန်လည်မြင့်တက်ခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် ၁၂၇၄ ကျပ် ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၁၆ ရက်တွင် ၁၂၇၅ ကျပ်ရှိခဲ့ပြီး အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ၁၂၇၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၁၂၈၅ ကျပ်အထိ ဆက်လက် မြင့်တက်လာခြင်း ဖြစ်သည်။
ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ တစ်ဒေါ်လာ ကျပ် ၁၂၆၀ အဖြစ် သတ်မှတ်ထားပြီး အောက်တိုဘာ ၁၀ ရက်တွင် ၁၂၅၈ ကျပ်၊ အောက်တိုဘာ ၁၁ ရက်တွင် ၁၂၅၆ ကျပ်၊ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ၁၂၅၅ ကျပ်၊ အောက်တိုဘာ ၁၄ ရက်တွင် ၁၂၅၇ ကျပ်၊ အောက်တိုဘာ ၁၇ ရက်တွင် ၁၂၅၉ ကျပ်အဖြစ် သတ်မှတ်ခဲ့သည်။
ရက်သတ္တပတ် တစ်ပတ်အတွင်း နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်လာသောကြောင့် ပြည်တွင်းရွှေဈေးလည်း အောက်တိုဘာ ၁၃ ရက် နောက်ပိုင်းကျပ် ၈၆၀၀၀၀ ကျော်တန်းကို ပြန်လည် ကျော်လွန်လာခဲ့သည်။ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကျပ် ၈၄၃၀၀၀ ကျော်အထိ ကျဆင်းခဲ့သော ရွှေဈေးနှုန်းသည် ယင်းရက်အတွင်းပင် ကျပ် ၈၅၆၂၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင် ကျပ် ၈၅၅၂၀၀ အထိ ဆက်လက် မြင့်တက်ခဲ့သည်။ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ကျပ် ၈၆၁၇၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ကျပ် ၈၆၃၆၀၀ အထိ မြင့်တက်ခဲ့ကာ ညနေပိုင်းတွင် ကျပ် ၈၅၈၀၀၀ အထိ ပြန်လည် ကျဆင်းခဲ့သည်။ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ကျပ် ၈၅၇၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ၈၅၈၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သော်လည်း အောက်တိုဘာ ၁၅ နှင့် ၁၆ ရက်တွင် အနည်းငယ် ပြန်ကျလာရာ ကျပ် ၈၅၅၀၀၀ ကျော် ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကျပ် ၈၅၈၃၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် နိုင်ငံခြား ငွေလဲနှုန်းထား မြင့်တက်လာခြင်းကြောင့် ကျပ် ၈၆၃၈၀၀ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group