လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ တင်ပြထားသည့် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာပေါင်း ၁၀၂ ခုရှိပြီး အဆိုပြု လုပ်ငန်းများကို စိစစ်ကာ ခွင့်ပြုမိန့် ပြန်လည်ချပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် တန်ဖိုးမြှင့်ထုတ်ကုန်၊ သွင်းကုန် အစားထိုးထုတ်ကုန်၊ ပို့ကုန်မြှင့်တင်နိုင်မည့် ထုတ်ကုန်စသည်တို့ ထုတ်လုပ်နိုင်ရန် ရေတိုရေရှည် စီမံကိန်းများဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒအရ သိရသည်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍပိုမိုကောင်းမွန်စေဖို့အတွက်

KBZ Gateway နဲ့ အမေရိကန်အခြေစိုက် Hughes Network 
Systems LLC (Hughes) တို့ ပူးပေါင်းပြီး ဂြိုလ်တုဆက်သွယ်ရေး
ဝန်ဆောင်မှုများကို VSAT နည်းပညာနဲ့ ဖြန့်ဖြူးပေးသွားမယ်လို့ KBZ Gateway က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ အတွင်း သတ္တု အများဆုံး ထွက်ရှိသည့် ချင်းပြည်နယ်၌ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်း ကို ၂ဝ၁၆ ခုနှစ်တွင် သြစတြေးလျနိုင်ငံရှိ First Light Mandalay Mining & Metals ကုမ္ပဏီနှင့် အိန္ဒိယ နိုင်ငံရှိ Balasore Alloys ကုမ္ပဏီတို့မှ တာဝန်ယူ လုပ်ဆောင်ရန် လျှောက်ထားကြောင်းချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''ဒီကုမ္ပဏီ နှစ်ခုက လက်ရှိ ချင်းပြည်နယ် အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ဖို့ လျှောက်ထားတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက အတွေ့အကြုံရှိပြီး နည်းပညာ မြင့်မားတာကြောင့် ဒီကုမ္ပဏီ နှစ်ခုကိုပဲ လုပ်ကိုင်ခွင့် ပေးဖို့ ရာနှုန်းပြည့် အခြေအနေ ရှိပါတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက မြေအောက် သတ္တုတူးဖော်တဲ့ အခါမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ကိုင်နိုင်မယ်လို့ စိတ်ချ ယုံကြည်ရပါတယ်'' ဟု ၎င်းက ပြောသည်။ ယင်း ကုမ္ပဏီများမှာ ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ မင်းတပ်နှင့် ကန်ပက်လက် စသည့် မြို့တို့၌ မြေအောက် တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ နှစ်ခုအား ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ယခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာသွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်း ကုမ္ပဏီ နှစ်ခုသည် ချင်းပြည်နယ်၌ အဆိုပါ လုပ်ငန်းအား လုပ်ကိုင်ခွင့် ရရှိခဲ့ပါက ငွေကျပ်သန်းနှင့်ချီ၍ အကုန်အကျခံ လုပ်ကိုင် သွားမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
Credit To >>> မြ၀တီ

မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ပြစ်မှုပေါင်း ၂၁ မှု အရေးယူခဲ့ကာ ကျူးလွန်သူသုံးဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၂၃၁၆၆ ဒဿမ ၂၈ အထိ ရှိနေသည်ဟု မြန်မာငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (Myanmar Financial Intelligence Unit) မှ ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စနစ်အတွင်း သတင်းပို့ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြောပွဲမှ သိရသည်။
ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် မဟာဗျူဟာကျသော အားနည်းချက်များ ရှိနေသည်ဟု ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ (Financial Action Task Force -FATF)က မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နှင့် တန်းတူသတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံအနေ ဖြင့် FATF က မကြာမီ လာရောက်စစ်ဆေးမည် ဖြစ်သည့်အတွက် ကင်းလွတ်နိုင်သည့် အခွင့်အရေး ရနိုင်မည်ဖြစ်သည်။
“ FATF ရဲ့ စာရင်းက ပယ်ဖျက်ပေးမယ်ဆိုရင် ထိရောက်တဲ့ ငွေကြေးခ၀ါချမှု/အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး စနစ်အတွက် အခြေခံအုတ်မြစ်ရှိနေပြီ ဆိုတဲ့လက္ခဏာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်မှာ အပြန်အလှန် အကဲဖြတ်သုံးသပ်မှုနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်တဲ့အတွက် ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်မှုအပေါ်ငွေ ကြေးထောက်ပံ့မှုစနစ် ထိရောက်ကြောင်း ပြသရေးက အဓိက စိန်ခေါ်မှုဖြစ်နေတဲ့အတွက် ဆက် ပြီး လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်”ဟု UK-FIU တွင် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာ မားကပ်စ်စတီးဝပ်က ပြောကြားသည်။
နိုင်ငံများအနေနှင့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးများ လုပ်ဆောင်ရန် အစီအမံများ ဖြစ်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရန် ကျယ်ပြောသော ဥပဒေမူဘောင်၊ ပြစ်မှု သို့မဟုတ် အကြမ်းဖက်မှုမှ ရရှိသော ငွေကြေးများကို နိုင်ငံ၏ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ၀င်ရောက်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းတို့ကို တားဆီးကာကွယ်ရန် တောင့်တင်းခိုင်မာသည့် အစီအမံများ ချမှတ်ထားသည့် ငွေကြေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ကဏ္ဍများ၊ အဖွဲ့ အစည်းများနှင့် စီးပွားရေး လုပ်ငန်းများမှ လိုက်နာမှု သေချာစေရန် အားကောင်းသည့် အစီအမံများ ချမှတ်သည့် ကြီးကြပ်ရေးအဖွဲ့ အစည်းများနှင့် ယင်းပြစ်မှုများတွင် ပါဝင်သည့် လူများ၊ အဖွဲ့အစည်းများအပေါ် စုံစမ်းထောက်လှမ်းခြင်း၊ တရားစွဲဆိုခြင်းနှင့် တားဆီးနှိမ်နင်းခြင်းများ လုပ်ဆောင်ရန် သင့်တော်သည့် လုပ်ပိုင်ခွင့်အာဏာ ကျင့်သုံးသည့် တရားဥပဒေ စိုးမိုးရေးအဖွဲ့များရှိရန် လိုအပ်သည်။
မြန်မာနိုင်ငံသည် FATF နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသောနိုင်ငံအဖြစ် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်လိုက်ပြီး ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံအား ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဆိုင်ရာ နည်းဥပဒေနှင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ပြဋ္ဌာန်းရန် ပျက်ကွက်လျက်ရှိခြင်းကြောင့် Counter Measure ဖြင့် စတင်အရေးယူခဲ့ပြီး လက်ရှိအချိန်အထိ အရေးယူမှု အဆင့်ဆင့်ဖြင့် ဆက်လက် လုပ်ဆောင်ခံရမှုများ ရှိနေသည်။
နိုင်ငံများအနေနှင့် မိမိတို့နိုင်ငံအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များကို အကဲဖြတ်သုံးသပ်မှု ပြုလုပ်သည့်အခါ ယင်းအန္တရာယ်များကို နားလည်သဘောပေါက်နိုင်ရန် FATF စံနှုန်းများအရ ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် အန္တရာယ်ဖြစ်နိုင်ချေ အကဲဖြတ်ခြင်း လုပ်ငန်းပြုလုပ်ထားရှိရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် အဆိုပါ အကဲဖြတ်လုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အကူအညီဖြင့် စတင် လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ငွေကြေးခ၀ါချမှုပေါင်း ၇၀ ကျော်ကို အရေးယူစစ်ဆေးခဲ့ပြီး ကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ကို သိမ်းဆည်း အရေးယူနိုင်ခဲ့သည်။ သို့သော်မြန်မာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်းမှ ပြီးခဲ့သည့် စစ်အစိုးရနှင့် လက်ရှိအစိုးရလက်ထက် ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံမှ တရားမ၀င် စီးထွက်သွားသည့် ငွေကြေးစီးဆင်းမှုများနှင့် စီးဝင်လာခဲ့သည့် တရားမ၀င် ငွေကြေးစီးဆင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံထက်မနည်း ရှိခဲ့သည်ဟု မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း တရားမ၀င် ငွေကြေးစီးဆင်းမှုများနှင့် ပတ်သက်၍ အမေရိကန်၊ ၀ါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့က ၂၀၁၅ ခုနှစ် စက်တင် ဘာတွင် သတင်းထုတ်ပြန်ခဲ့သည်။
Credit To >>> Eleven Media Group

<< Start < Prev 3 4 5 6 7 8 9 10 11 12 Next > End >>
Page 12 of 12